မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏သြဝါဒ။ အသစ်ကို မကြံလင့်၊ အဟောင်းကို မပြန်လင့်။ ဖြစ်အောင် မပြုလင့်၊ ပျက်အောင် မပြုလင့်။ ဖြစ်တိုင်း ပျက်တိုင်း ထင်အောင်ရှု။ ဖြစ်အောင်ပြု-လောဘ၊ ပျက်အောင်ပြု-ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိ-မောဟ။

ကျေးဇူးရှင်မူလမင်းကွန်းဆရာတော်ဘုရားကြီး၏သြဝါဒ

အသစ်ကို မကြံလင့်

ဟောင်းကိုမပြန်လင့်

ဖြစ်အောင်မပြုလင့်

ပျက်အောင်မပြုလင့်

ဖြစတိုင်းပျက်တိုင်း ထင်အောင်ရှု

ဖြစ်အောင်ပြု-လောဘ

ပျက်အောင်ပြု-ဒေါသ

ဖြစ်တိုင်းပျက်တိုင်းမသိ-မောဟ။

~~~~~~~~~~~~~

၁။မူလမင်းကွန်းမူ

သွား #သွားတယ်၊ ရပ် #ရပ်တယ်၊ ထိုင် #ထိုင်တယ်၊ အိပ် #အိပ်တယ် ဆိုသော စကားရပ်၌
သွားသော ရုပ်ကို #သွားတယ် မှတ်သော ဝိပဿနာစိတ်ဖြင့် ပိုင်းခြား ၏။
ရပ်သောရုပ်ကို #ရပ်တယ် မှတ်သော ဝိပဿနာစိတ်ဖြင့် ပိုင်းခြား၏။
ထိုင်သောရုပ်ကို #ထိုင်တယ် မှတ်သော ဝိပဿနာစိတ်ဖြင့် ပိုင်းခြား၏။
အိပ်သော ရုပ်ကို #အိပ်တယ် မှတ်သော ဝိပဿနာစိတ်ဖြင့် ပိုင်းခြား၏။
ရူပပရိစ္ဆေဒဉာဏ် ဖြစ်၏။

ဤဆိုအပ်ခဲ့ပြီးသောနည်းအတိုင်း ဉာဏ်တဆင့်တက်၍
သွားတယ် မှတ် သော ရှေ့စိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် သွားတယ်မှတ် #မှတ်တယ်။
ရပ်တယ် မှတ်သော ရှေ့စိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် ရပ်တယ်မှတ် #မှတ်တယ်။
ထိုင်တယ်မှတ်သော ရှေ့စိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် ထိုင်တယ်မှတ် #မှတ်တယ်။
အိပ်တယ်မှတ်သောရှေ့စိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် အိပ်တယ်မှတ် #မှတ်တယ် ဟု နာမ်ကိုပိုင်းခြား၏။
နာမ်ရုပ်စုံ၍ နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်၏။
သွားသောခဏ, ရပ်သောခဏ, ထိုင်သောခဏ, အိပ်သောခဏ မှတ် တိုင်း မှတ်တိုင်း
သွား #သွားတယ်, သွားတယ်မှတ် #မှတ်တယ်၊
ရပ် #ရပ်တယ်, ရပ်တယ်မှတ် #မှတ်တယ်၊
ထိုင် #ထိုင်တယ်, ထိုင်တယ်မှတ် #မှတ်တယ်၊
အိပ် #အိပ်တယ်, အိပ်တယ်မှတ် #မှတ်တယ် ဉာဏ်မှာထင်၏။
ဉာဏ်အဆင့်ဆင့်တက်၍ သွားချင်သောစိတ်, ရပ်ချင်သောစိတ်, ထိုင် ချင်သောစိတ်, အိပ်ချင်သောစိတ် ဖြစ်သော ခဏခဏ
မသွားမီ သွားမည့် အစီအရင်,
မရပ်မီ ရပ်မည့် အစီအရင်,
မထိုင်မီ ထိုင်မည့် အစီအရင်,
မအိပ်မီ အိပ်မည့် အစီအရင် ကိုယ်အမူအရာ ဟူသမျှကိုလည်း မှတ်၏။
မှတ်သောရှေ့စိတ်ကိုလည်း နောက်စိတ်ဖြင့်မှတ်၏။ နာမရူပ ပရိစ္ဆေဒဉာဏ်ဖြစ်၏။

ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဝိပဿနာနယုပဒေသမှ

ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်တရာတော်ဘုရားကြီး ဟောညွှန်ပြသခဲ့သော ၆-ဒွါရတွင် ဝိပဿနာတရားရှုမှတ်နည်း။

မျက်စိဖြင့် အဆင်းကိုမြင်သောခဏ မြင် #မြင်တယ် မှတ်။
နားဖြင့် အသံ ကို ကြားသောခဏ ကြား #ကြားတယ် မှတ်။
နှာခေါင်းဖြင့် အနံ့ကိုနံသောခဏ နံ #နံတယ် မှတ်။
လျှာဖြင့် အရသာကို စားသောခဏ စား #စားတယ် မှတ်။
ကိုယ်ဖြင့် အတွေ့ကိုထိသောခဏ ထိ #ထိတယ် မှတ်။

စိတ်ဖြင့် သဘောကိုသိသော ခဏ သိ #သိတယ် မှတ်။

#မျက်စိဖြင့် အဆင်းကိုမြင်သောခဏ မြင် မြင်တယ်မှတ်ဆိုသောစကား ရပ်၌ အဆင်းထင်သောခဏ စက္ခုဒွါရကြည်ခြင်းသည် မျက်စိကြည်သောခဏ မည်၏။ မျက်စိကြည်သောခဏ ရူပါရုံထင်ခြင်းသည် အဆင်းထင်သောခဏ မည်၏။ မျက်စိကြည်သောခဏ, အဆင်းထင်သောခဏ အဆင်းကိုမြင်သော စက္ခုဝိညာဏ်သည် မြင်သောခဏမည်၏။ ထို့ကြောင့် မျက်စိဖြင့် အဆင်းကို မြင်သောခဏဟု ဆိုခဲ့ပေသည်။
၄င်းဒွါရ, အာရုံ, ဝိညာဏ် ၃ပါးဆုံသောခဏ၌ ဒွါရ, အာရုံ, ဝိညာဏ် သုံးပါးအပေါင်းကို တပေါင်းတည်း တပြိုင်နက် မြင် မြင်တယ်ဟု ဝိပဿနာဖြင့် သိမှတ်ပိုင်းခြားအပ်သောကြောင့် မျက်စိ, အဆင်း, မြင်ခြင်းသည် မြင်သည် မည်၏။ ထို့ကြောင့် ‘မြင်’ဆိုသည်။
စက္ခုဒွါရ ရှေ့ဝီထိဖြင့်မြင်သည်ကို နောက်ဝိပဿနာစိတ်ဖြင့် မြင်တယ် ဟု အမှတ်ပြုခြင်းသည် မြင်တယ်မှတ်သည် မည်၏။ ထို့ကြောင့် ‘မြင်တယ်’မှတ် ဆိုသည်။ ထို့ကြောင့် မျက်စိဖြင့် အဆင်းကိုမြင်သောခဏ မြင် မြင်တယ်မှတ်ဟု ဆိုခဲ့ပေသည်။

#နားဖြင့် အသံကိုကြားသောခဏ ကြား ကြားတယ်မှတ်ဆိုသော စကား ရပ်၌ အသံထင်သောခဏ သောတဒွါရကြည်ခြင်းသည် နားကြည်သောခဏ မည်၏။ နားကြည်သောခဏ သဒ္ဒါရုံထင်ခြင်းသည် အသံထင်သောခဏ မည်၏။ နားကြည်သောခဏ, အသံထင်သောခဏ အသံကို ကြားသော သောတ ဝိညာဏ်သည် ကြားသောခဏမည်၏။ ထို့ကြောင့် နားဖြင့် အသံကိုကြားသော ခဏဟုဆိုခဲ့ပေသည်။
၄င်းဒွါရ, အာရုံ, ဝိညာဏ် ၃-ပါးဆုံသောခဏ၌ ဒွါရ, အာရုံ, ဝိညာဏ်သုံးပါးအပေါင်းကို တပေါင်းတည်း တပြိုင်နက် ကြား ကြားတယ်ဟု ဝိပဿနာဖြင့် သိမှတ်ပိုင်းခြားအပ်သောကြောင့် နား, အသံ, ကြားခြင်းသည် ကြားသည်မည်၏။ ထို့ကြောင့် ‘ကြား’ဆိုသည်။
သောတဒွါရ ရှေ့ဝီထိဖြင့် ကြားသည်ကို နောက် ဝိပဿနာစိတ်ဖြင့် ကြားတယ်ဟု အမှတ်ပြုခြင်းသည် ‘ကြားတယ်’မှတ်သည် မည်၏။ ထို့ကြောင့် ကြားတယ်မှတ် ဆိုသည်။ ထို့ကြောင့် နားဖြင့် အသံကို ကြားသောခဏ ကြား ကြားတယ်မှတ်ဟု ဆိုခဲ့ပေသည်။

#နှာခေါင်းဖြင့် အနံ့ကိုနံသောခဏ နံ နံတယ်မှတ်ဆိုသော စကားရပ်၌ အနံ့ထင်သောခဏ ဃာနဒွါရ ကြည်ခြင်းသည် နှာခေါင်းကြည်သော ခဏ မည်၏။ နှာခေါင်းကြည်သောခဏ ဂန္ဓာရုံထင်ခြင်းသည် အနံ့ထင်သောခဏ မည်၏။ နှာခေါင်းကြည်သောခဏ, အနံ့ထင်သောခဏ အနံ့ကိုနံသော ဃာန ဝိညာဏ်သည် နံသောခဏမည်၏။ ထို့ကြောင့် နှာခေါင်းဖြင့် အနံ့ကိုနံသော ခဏဟု ဆိုခဲ့ပေသည်။
၄င်းဒွါရ, အာရုံ, ဝိညာဏ် ၃ပါးဆုံသောခဏ၌ ဒွါရ, အာရုံ, ဝိညာဏ် သုံးပါးအပေါင်းကို တပေါင်းတည်း တပြိုင်နက် နံ နံတယ်ဟု ဝိပဿနာစိတ်ဖြင့် သိမှတ်ပိုင်းခြားအပ်သောကြောင့် နှာခေါင်း, အနံ့, နံခြင်းသည် နံသည်မည်၏။ ထို့ကြောင့် ‘နံ’ဆိုသည်။
ဃာနဒွါရ ရှေ့ဝီထိဖြင့် နံသည်ကို နောက်ဝိပဿနာစိတ်ဖြင့် နံတယ်ဟု အမှတ်ပြုခြင်းသည် နံတယ်မှတ်သည်မည်၏။ ထို့ကြောင့် ‘နံတယ်’မှတ်ဆိုသည်။ ထို့ကြောင့် နှာခေါင်းဖြင့် အနံ့ကို နံသောခဏ နံ-နံတယ်မှတ်ဟု ဆိုခဲ့ပေသည်။

#လျှာဖြင့် အရသာကို စားသောခဏ စားစားတယ်မှတ်ဆိုသော စကား ရပ်၌ အရသာထင်သောခဏ ဇိဝှာဒွါရ ကြည်ခြင်းသည် လျှာကြည်သောခဏ မည်၏။ လျှာကြည်သောခဏ ရသာရုံထင်ခြင်းသည် အရသာထင်သော ခဏ မည်၏။ လျှာကြည်သောခဏ, အရသာထင်သောခဏ အရသာကို စားသော ဇိဝှာဝိညာဏ်သည် စးသောခဏမည်၏။ ထို့ကြောင့် လျှာဖြင့် အရသာကို စားသောခဏဟု ဆိုခဲ့ပေသည်။
၄င်းဒွါရ, အာရုံ, ဝိညာဏ် ၃ပါးဆုံသောခဏ၌ ဒွါရ, အာရုံ, ဝိညာဏ် သုံးပါးအပေါင်းကို တပေါင်းတည်း တပြိုင်နက် စား စားတယ်ဟု ဝိပဿနာ စိတ်ဖြင့် သိမှတ်ပိုင်းခြားအပ်သောကြောင့် လျှာ,အရသာ,စားခြင်းသည် စားသည် မည်၏။ ထို့ကြောင့် ‘စား’ဆိုသည်။
ဇိဝှာဒွါရ ရှေ့ဝီထိဖြင့် စားသည်ကို နောက်ဝိပဿနာစိတ်ဖြင့် စားတယ် ဟု အမှတ်ပြုခြင်းသည် စားတယ်မှတ်သည် မည်၏။ ထို့ကြောင့် ‘စားတယ်’မှတ် ဆိုသည်။ ထို့ကြောင့် လျှာဖြင့် အရသာကို စားသောခဏ စား စားတယ်မှတ်ဟု ဆိုခဲ့ပေသည်။

#ကိုယ်ဖြင့် အတွေ့ကိုထိသောခဏ ထိ ထိတယ်မှတ်ဆိုသော စကားရပ်၌ အတွေ့ထင်သောခဏ ကာယဒွါရ ကြည်ခြင်းသည် ကိုယ်ကြည်သောခဏ မည်၏။ ကိုယ်ကြည်သောခဏ ဖောဋ္ဌဗ္ဗာရုံထင်ခြင်းသည် အတွေ့ထင်သော ခဏ မည်၏။ ကိုယ်ကြည်သောခဏ, အတွေ့ထင်သောခဏ အတွေ့ကို ထိသော ကာယဝိညာဏ်သည် ထိသောခဏ မည်၏။ ထို့ကြောင့် ကိုယ်ဖြင့် အတွေ့ကို ထိသောခဏဟု ဆိုခဲ့ပေသည်။
၄င်းဒွါရ, အာရုံ, ဝိညာဉ် ၃ပါးဆုံသော ခဏ၌ ဒွါရ, အာရုံ, ဝိညာဏ် သုံးပါးအပေါင်းကို တပေါင်းတည်းတပြိုင်နက် ထိ ထိတယ်ဟု ဝိပဿနာစိတ်ဖြင့် သိမှတ်ပိုင်းခြားအပ်သောကြောင့် ကိုယ်, အတွေ့, ထိခြင်းသည် ထိသည်မည်၏။ ထို့ကြောင့် ‘ထိ’ဆိုသည်။
ကာယဒွါရ ရှေ့ဝီထိဖြင့် ထိသည်ကို နောက်ဝိပဿနာစိတ်ဖြင့် ထိတယ် ဟု အမှတ်ပြုခြင်းသည် ထိတယ်မှတ်သည်မည်၏။ ထို့ကြောင့် ထိတယ်မှတ် ဆိုသည်။ ထို့ကြောင့် ကိုယ်ဖြင့်အတွေ့ကို ထိသောခဏ ထိ ထိတယ်မှတ်ဟု ဆိုခဲ့ပေသည်။

#စိတ်ဖြင့် သဘောကို သိသောခဏ သိသိတယ်မှတ် ဆိုသောစကားရပ်၌ သဘောထင်သောခဏ မနောဒွါရကြည်ခြင်းသည် စိတ်ကြည်သော ခဏမည်၏။ စိတ်ကြည်သောခဏ ဓမ္မာရုံထင်ခြင်းသည် သဘောထင်သောခဏ မည်၏။ စိတ်ကြည်သောခဏ, သဘောထင်သောခဏ သဘောကို သိသော မနော ဝိညာဏ်သည် သိသောခဏ မည်၏။ ထို့ကြောင့် သဘောကို သိသော ခဏဟု ဆိုခဲ့ပေသည်။
၄င်းဒွါရ, အာရုံ, ဝိညာဏ်သုံးပါးဆုံသော ခဏ၌ ဒွါရ, အာရုံ, ဝိညာဏ် သုံးပါးအပေါင်းကို တပေါင်းတည်း တပြိုင်နက် သိ သိတယ်ဟု ဝိပဿနာစိတ်ဖြင့် သိမှတ်ပိုင်းခြားအပ်သောကြောင့် စိတ်, သဘော, သိခြင်းသည် သိသည်မည်၏။ ထို့ကြောင့် ‘သိ’ဆိုသည်။
မနောဒွါရ ရှေ့ဝီထိဖြင့် သိသည်ကို နောက်ဝိပဿနာစိတ်ဖြင့် သိတယ် ဟု အမှတ်ပြုခြင်းသည် သိတယ်မှတ်သည်မည်၏။ ထို့ကြောင့် ‘သိတယ်မှတ်’ ဆိုသည်။ ထို့ကြောင့် စိတ်ဖြင့်သဘောကို သိသောခဏ သိ သိတယ်မှတ်ဟု ဆိုခဲ့ပေသည်။
ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဝိပဿနာနယုပဒေသမှ

~~~~~~~~~~~~~~~~~~~~~~~~

#သိသောခဏ မနောတွင် သဘောထင်သော ဣရိယာပုထ် ၄-ပါးနှင့် ကွေးမှု,ဆန့်မှု စသော အမူအရာများရှုမှတ်ပုံ

#စိတ်ဖြင့် #သဘောကို #သိသောခဏ၊ သိ-သိတယ်မှတ် ဆိုသောစကားရပ်၌၊ သိ-သိတယ်မှတ်ခြင်းသည်၊ #သာမညသာဖြစ်၏။ #ဝိသေသ #အားဖြင့်သော်ကား၊ များသောအပြားရှိ၏။ အကျယ်ဆိုသော်လည်းဝိပဿနာမှာ အကျိုးမရှိပြီ။ ဝိပဿနာ မည်သည်ကား၊ သတိပဋ္ဌာန်နှင့် တရံတခါမျှ မကင်းကောင်း။ ဝိပဿနာဉာဏ် အခြေအမြစ်မှန်သော သတိပဋ္ဌာန်အရ၊ #သွားသောခဏ သွား-#သွားတယ် မှတ်၊ #ရပ်သောခဏ ရပ်-#ရပ်တယ် မှတ်၊ #ထိုင်သောခဏ ထိုင်-#ထိုင်တယ် မှတ်၊ #အိပ်သောခဏ အိပ်-#အိပ်တယ် မှတ်။
(ကျေးဇူးရှင်မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရေးသားတော်မူသော နိဗ္ဗာနကထာ စာမျက်နာ-၂၉၉ မှ)
~~~~
(သိသောခဏ၊ ဆိုသောစကား၊ အများနှင့်ဆက်ဆန်၏။ အများနှင့်မဆက်ဆန်အောင်၊ ကွေးသောခဏ၊ စသည်ဆိုမည်။ မနောကြည်ဆိုသောစကား၊ ဒွါရရုပ်ဌာနဖြစ်၍၊ ဟဒယဝတ္ထုမှတ်။ ။ အမှာစကား)
#ကွေးသောခဏ၊ မနောကလည်းကြည်၊ ကွေးသောသဘောကလည်းထင်၊ မနောဝိညာဏ်ကလည်းသိ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ငါးပါးပေါင်းဆုံမိတာကို၊ကွေးတယ်ဆိုရ။ ။ကွေးသောခဏ၊ မနောကြည်တာ,ကွေးသောသဘောထင်တာက,ရုပ်၊ သိတာ,တွေ့တာ,ခံစားတာက,နာမ်၊ ဤကားရုပ်၊ဤကားနာမ်၊ မဆိုသော်လည်း ဆိုသလို၊ ရုပ်အပိုင်းအခြား၊ နာမ်အပိုင်းအခြား၊ ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ရင်ဆိုင်-ဝိပဿနာဉာဏ်၏ကိစ္စကို၊ #ကွေးသောခဏ၊ ကွေး-#ကွေးတယ် မှတ်ဟု၊ ဆောင်၍ပြတက်သောကြောင့်၊ ပါဋိဟာရိယပညာ။
“မနံ ပန နိဿာယ ဓမ္မံ အာရဗ္ဘဥပ္ပဇ္ဇတိ မနောဝိညာဏံ”။
ဤသို့ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ရင်ဆိုင်ဝိပဿနာဉာဏ်၏ ကိစ္စကိုဆောင်၍ ပြတက်သောကြောင့်၊ပါဋိဟာရိယ ပညာမည်၏။
(ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရေးသားတော်မူသေယ ဝိပဿနာဉာဏ်ကျမ်းကြီး စာမျက်နှာ ၄၂-မှ)

~~~~~~~~~

၂။သမ္မာဒိဋ္ဌိဖြစ်ကြောင်းတရား ၂-ပါး

သာဝကဿ၊ တပည့်အား။ သမ္မာဒိဋ္ဌိယာ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိ၏၊ ဥပ္ပါဒါယ၊ ဖြစ်ခြင်းအကျိုးငှါ၊ ဟေတု၊ အကြောင်းတို့သည်၊ ဒုဝေ၊ ၂-ပါးတို့တည်း။ပစ္စယာ၊ ပစ္စည်းတို့သည်။ ဒုဝေ၊ ၂-ပါးတို့တည်း။ ကတမေဒွေ၊ အဘယ် ၂-ပါးတို့နည်း။ သစ္စာနုသန္ဓိ၊ သစ္စာနှင့်စပ်သော။ ပရတောစဃောသော၊ သူတပါးပြောသော ဒေသနာသံတည်း ၁-ပါး။ အဇ္ဈတ္တဉ္စယောနိသောမနသိကာရော၊ မိမိအသင့်အတင့်နှလုံးသွင်းချင်းလည်း ၁-ပါး။ ဣတိဣမေဒွေ၊ ဤ ၂-ပါးတို့တည်း။
ကျေးဇူးရှင်မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ပေဋကောပဒေသအဋ္ဌကထာနိသျှပဌမတွဲမှ

~~~~~~~~~

၃။ကာယဂတာသတိ ၁၄ ပါးကို သမထ,ဝိပဿနာခွဲ၍ ပြခြင်း

ထို ကိုယ်ကိုသိမှတ်၍ အားထုတ်သော ကာယာနုပဿနာ သတိပဋ္ဌာန် ရုပ်ကမ္မဋ္ဌာန်းသည်လည်း…
(က) ထွက်လေ,ဝင်လေကိုမှတ်၍ အားထုတ်သော အာနာပါန အား ထုတ်နည်းတမျိုး
(ခ) သွားခြင်း,ရပ်ခြင်း စသည်ကိုမှတ်၍ အားထုတ်သော ဣရိယာ ပုတ် အားထုတ်နည်းတမျိုး
(ဂ) ကွေးခြင်း,ဆန့်ခြင်း စသည်ကိုမှတ်၍ အားထုတ်သော သမ္ပဇည အားထုတ်နည်းတမျိုး
(ဃ) ပထဝီစသော ဓာတ်ကြီး၄ပါးကို မှတ်၍ အားထုတ်သော ဓာတု မနသိကာရ အားထုတ်နည်းတမျိုး
(င) ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်း, အစရှိသော ၃၂-ခုသော ကောဋ္ဌာသ အစုကိုမှတ်၍ အားထုတ်သော ‘ဒွတ္တိံသ ကောဋ္ဌာသ’ခေါ် ပဋိကူလမနသိကာရ အားထုတ်နည်းတမျိုး
(စ) သုသာန်၌ သူသေကောင် စသည်ကိုမှတ်၍အားထုတ်သော သိဝထိ အားထုတ်နည်း ၉မျိုးအားဖြင့် ကာယာနုပဿနာ သတိ ပဋ္ဌာန်ရုပ်ကမ္မဋ္ဌာန်း အားထုတ်နည်းသည် ၁၄-မျိုးရှိပြန်၏။
ထို ၁၄မျိုးတို့တွင် သွားခြင်း,ရပ်ခြင်း စသော ဣရိယာပုတ်အားထုတ်န ည်း၊ ကွေးခြင်း,ဆန့်ခြင်းစသော သမ္ပဇဉ်အားထုတ်နည်း၊ ပထဝီ,စသော ဓာတ် အားထုတ်နည်း၊ ဤအားထုတ်နည်း ၃မျိုးကို မြတ်စွာဘုရားသည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဟောတော်မူအပ်၏။
ထွက်လေ,ဝင်လေကိုမှတ်၍ အားထုတ်သော အာနာပါန အားထုတ် နည်း၊ ဆံပင်,မွေးညှင်း စသော ၃၂ပါးသော ကောဋ္ဌာသကို မှတ်၍ အားထုတ် သော ပဋိကူလအားထုတ်နည်း၊ ဤအားထုတ်နည်း ၂မျိုးကို သမထ၏ အစွမ်း အားဖြင့် မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။
သုသာန်၌ သူသေကောင် စသည်ကိုမှတ်၍အားထုတ်သော သိဝထိ ၉ နည်းကိုကား သမထအရာ၌ဆိုလျှင် အသုဘ ကမ္မဋ္ဌာန်းထဲ၌ ဝင်၏။ ဝိပဿနာ အရာ၌ဆိုလျှင် ဝိပဿနာဉာဏ်စဉ် အာဒီနဝါနုပဿနာဉာဏ်၏ အာရုံသာဖြစ်၏ ဟု အဋ္ဌကထာဆရာဆိုသောကြောင့် ဝိပဿနာကို အားထုတ်လိုသော ရဟန်း, ရှင်,လူတို့သည် သွားခြင်း,ရပ်ခြင်း စသော ဣရိယာပုထ်အားထုတ်နည်း၊ ကွေးခြင်း,ဆန့်ခြင်း စသော သမ္ပဇဉ်အားထုတ်နည်း၊ ပထဝီဓာတ်အစရှိသော ဓာတ် ၄ပါးအားထုတ်နည်း၊ ဤ ၃ပါးသော အားထုတ်နည်းကိုသာ အားထုတ် ကြရာ၏။ ထို့ကြောင့်-
တတ္ထ ယသ္မာ ဣရိယာပထပဗ္ဗံ စတုသမ္ပဇညပဗ္ဗံ ဓာတုမနသိကာရ ပဗ္ဗန္တိ ဣမာနိ တီဏိ ဝိပဿနာဝသေန ဝုတ္တာနိ။
အာနာပါနပဗ္ဗံ ပန ပဋိကူလမနသိကာရပဗ္ဗဉ္စ ဣမာနေဝေတ္ထ ဒွေ သမာဓိဝသေန ဝုတ္တာနိ။
(ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ပ-၂၃၂)
တတ္ထ၊ ထို ၁၄ပါးသော ကာယာနုပဿနာ သတိပဋ္ဌာန်တို့တွင်၊ ယသ္မာ၊ အကြင်ကြောင့်၊ ဣရိယာပထပဗ္ဗံ၊ ဣရိယာပုထ်အပိုင်းလည်း တခု၊ စတုသမ္ပဇည ပဗ္ဗံ၊ စတုသမ္ပဇဉ်အပိုင်းလည်း တခု၊ ဓာတုမနသိကာရပဗ္ဗံ၊ ဓာတုမနသိကာရ အပိုင်းလည်း တခု။ ဣတိ ဣမာနိ တီဏိ ပဗ္ဗာနိ၊ ဤ၃ပိုင်းတို့ကို၊ ဝိပဿနာ ဝသေန၊ ဝိပဿနာ၏ အစွမ်းအားဖြင့်၊ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏။ ပန၊ ဝိပဿနာအပိုင်းမှ တပါး သမထအပိုင်းကိုဆိုအံ့။ အာနာပါနပဗ္ဗဉ္စ၊ အာနာပါန အပိုင်းလည်းတခု၊ ပဋိကူလ မနသိကာရပဗ္ဗဉ္စ၊ ပဋိကူလ မနသိကာရ အပိုင်းလည်း တခု၊ ဧတ္ထ၊ဤအရာ၌၊ ဣမာနိ ဧဝ ဒွေ၊ ဤနှစ်ပါးသော အပိုင်းတို့ကိုသာလျှင်၊ သမာဓိဝသေန၊ သမထ၏ အစွမ်းအားဖြင့်၊ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏။
ထိုသို့ဝိပဿနာ၏ အစွမ်းအားဖြင့် ဟောတော်မူအပ်သော ဣရိယာပုထ်, သမ္ပဇဉ်,ဓာတ်၃ပိုင်းတို့တွင်လည်း သွားခြင်း,ရပ်ခြင်း,ထိုင်ခြင်း,အိပ်ခြင်း ဟုဆိုအပ် သော ဣရိယာပုထ်အပိုင်းကိုသာ အားထုတ်ရပေ၏။ အဘယ့်ကြောင့်နည်း၊ ထို သွားခြင်းစသော ဣရိယာပုထ် ၄ပါးကို အားထုတ်ရာ၌ ကွေးခြင်း,ဆန့်ခြင်း စသော သမ္ပဇဉ်အပိုင်း၊ ပူခြင်း,အေးခြင်းစသော ဓာတ်အပိုင်း၊ ဤ၂ပိုင်းတို့သည် အလိုလိုပြီးစီးပါဝင်သောကြောင့်တည်း။
(ကျေးဇူးရှင်ရန်ကုန်မူလမင်းကွန်းဆရာတော် ဘုရားရေးသားတော်မူသော စတ္တုသစ္စသူဒနီမှ)

~~~~~~~~

၄။လေးပါးသော ဣရိယာပုထ်၌ နာမ်ရုပ်၏ အပိုင်းအခြားကို မှတ်သားရန် ပြဆိုခြင်း

စိတ်ဖြင့် သဘောကို သိသောခဏ၊ သိ-သိတယ်မှတ် ဆိုသောစကားရပ်၌၊ သိ-သိတယ်မှတ်ခြင်းသည်၊ သာမည သာဖြစ်၏။ ဝိသေသ အားဖြင့်သော်ကား၊ များသောအပြားရှိ၏။ အကျယ်ဆိုသော်လည်းဝိပဿနာမှာ အကျိုးမရှိပြီ။ ဝိပဿနာ မည်သည်ကား၊ သတိပဋ္ဌာန်နှင့် တရံတခါမျှ မကင်းကောင်း။ ဝိပဿနာဉာဏ် အခြေအမြစ်မှန်သော သတိပဋ္ဌာန်အရ၊ သွားသောခဏ သွား-သွားတယ်မှတ်၊ ရပ်သောခဏ ရပ်-ရပ်တယ်မှတ်၊ ထိုင်သောခဏ ထိုင်-ထိုင်တယ်မှတ်၊ အိပ်သောခဏ အိပ်-အိပ်တယ်မှတ်။
(ကျေးဇူးရှင်မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရေးသားတော်မူသော နိဗ္ဗာနကထာ စာမျက်နာ-၂၉၉ မှ)

~~~~~~~~

၅။ကွေးမှု ဆန့်မှုစသော သမ္ပဇည ကိုရှုမှတ်ပုံ

(သိသောခဏ၊ ဆိုသောစကား၊ အများနှင့်ဆက်ဆန်၏။ အများနှင့်မဆက်ဆန်အောင်၊ ကွေးသောခဏ၊ စသည်ဆိုမည်။ မနောကြည်ဆိုသောစကား၊ ဒွါရရုပ်ဌာနဖြစ်၍၊ ဟဒယဝတ္ထုမှတ်။ ။ အမှာစကား)
ကွေးသောခဏ၊ မနောကလည်းကြည်၊ ကွေးသောသဘောကလည်းထင်၊ မနောဝိညာဏ်ကလည်းသိ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ငါးပါးပေါင်းဆုံမိတာကို၊ကွေးတယ်ဆိုရ။ ။ကွေးသောခဏ၊ မနောကြည်တာ,ကွေးသောသဘောထင်တာက,ရုပ်၊ သိတာ,တွေ့တာ,ခံစားတာက,နာမ်၊ ဤကားရုပ်၊ဤကားနာမ်၊ မဆိုသော်လည်း ဆိုသလို၊ ရုပ်အပိုင်းအခြား၊ နာမ်အပိုင်းအခြား၊ ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ရင်ဆိုင်-ဝိပဿနာဉာဏ်၏ကိစ္စကို၊ ကွေးသောခဏ၊ ကွေး-ကွေးတယ်မှတ်ဟု၊ ဆောင်၍ပြတက်သောကြောင့်၊ ပါဋိဟာရိယပညာ။
“မနံ ပန နိဿာယ ဓမ္မံ အာရဗ္ဘဥပ္ပဇ္ဇတိ မနောဝိညာဏံ”။
ဤသို့ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ရင်ဆိုင်ဝိပဿနာဉာဏ်၏ ကိစ္စကိုဆောင်၍ ပြတက်သောကြောင့်၊ပါဋိဟာရိယ ပညာမည်၏။
(ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရေးသားတော်မူသေယ ဝိပဿနာဉာဏ်ကျမ်းကြီး စာမျက်နှာ ၄၂-မှ)

~~~~_~_

၆။ပါဋိဟာရိယပညာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဣဒါနိ ယာဣမေသု ဘူမိဘူတေသု ဓမ္မေသု ဥဂ္ဂဟပရိပုစ္ဆာဝသေန ဉာဏပရိစယံ ကတွာ သီလဝိသုဒ္ဓိစေဝ စိတ္တဝိသုဒ္ဓိစာတိ ဒွေမူလဘူတာ ဝိသုဒ္ဓိယော သမ္ပာဒေတဗ္ဗာတိ ဝုတ္တာ။
ဣဒါနိ၊ ယခု။ ဘူမိဘူတေစု၊ ပါဋိဟာရိယ ပညာဖြစ်ရာ-ဘုံဖြစ်၍ဖြစ်ကုန်သော။ ဣမေသုဓမ္မေသု၊ ဤတရားတို့၌။ ဥဂ္ဂဟပရိပုစ္ဆာဝသေန၊ နှုခ်တက်ရအောင် သင်သလို၊ သဘောကို သိအောင် မေးသော အလိုအားဖြင့်။ ဉာဏပရိစယံ၊ ဉာဏ်အလေ့အလာကို။ ကတွာ၊ ပြု၍။ သီလဝိသုဒ္ဓိစေဝ၊ သီလဝိသုဒ္ဓိလည်း တပါး။ စိတ္တဝိသုဒ္ဓိစ၊ စိတ္တဝိသုဒ္ဓိလည်းတပါး။ ဣတိ၊ ဤသို့။ ဒွေမူလဘူတာ၊ မူလဘူတအပြား နှစ်ပါးဖြစ်၍ ဖြစ်ကုန်သော။ ယာဝိသုဒ္ဓိယော၊ မူလဘူတအပြား နှစ်ပါးဖြစ်၍ ဖြစ်ကုန်သော။ ယာဝိသုဒ္ဓိယော၊ အကြင်ဝိသုဒ္ဓိတို့ကို။ သမ္ပဒေတဗ္ဗာ၊ ပြီးစေအပ်ကုန်၏။ ဣတိ၊ ဤသို့။ ဝုတ္တာ၊ ဆိုအပ်ကုန်ပြီ။
ဤစကားရပ်၌၊ ပါဋိဟာရိယပညာ မည်သည်ကား။
ပါဋိမုခံ ပဋိပထံ ဉာဏကိစ္စံ ဟာရေတိ ဟာရိတွာ ပကာသေတီတိ ပါဋိဟာရိယာ။
ယာပညာ၊ အကြင်ပညာသည်။ ပါဋိမုခံ၊ ရှေးရှု။ ပဋိပထံ၊ ရင်ဆိုင်။ ဉာဏကိစ္စံ၊ ဉာဏ်၏ကိစ္စကို။ ဟာရေတိဟာရိတွာပကာသေတိ၊ ဆောင်၍ပြတတ်၏။ ဣတိ၊ထို့ကြောင့်။ သာပညာ၊ ထိုပညာသည်။ ပဋိဟာရိယာ၊ ပါဋိဟာရိယ မည်၏။
ပြပုံကား-
မြင်သောခဏ၊ မျက်စိကလည်းကြည်၊ အဆင်းကလည်းထင်၊ စက္ခုဝိညာဏ်ကလည်းမြင်၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ငါးပါးစုံ ပေါင်းဆုံမိတာကို၊ မြင်တယ်ဆိုရ။ ။ မြင်သောခဏ၊ မျက်စိကြည်တာ,အဆင်းထင်တာက,ရုပ်၊ မြင်တာ,တွေ့တာ,ခံစားတာက,နာမ်၊ ဤကားရုပ်၊ ဤကားနာမ်၊ မဆိုသော်လည်း ဆိုသလို၊ ရုပ်အပိုင်းအခြား၊ နာမ် အပိုင်းအခြား၊ ဝိပဿနာ ဉာဏ်အားရှေးရှုထင်အောင်၊ ရင်ဆိုင်-ဝိပဿနာဉာဏ်၏ကိစ္စကို၊ မြင်သောခဏ၊ မြင်-မြင်တယ်မှတ်ဟု၊ ဆောင်၍ ပြတတ်သောကြောင့်၊ ပါဋိဟာရိယပညာ။
“စက္ခုံပန နိဿာယ ရူပံ အာရဗ္ဘဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”။
ကြားသောခဏ၊ နားကလည်းကြည်၊ အသံကလည်းထင်၊ သောတဝိညာဏ်ကလည်းကြား၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ငါးပါးစုံ ပေါင်းဆုံမိတာကို၊ ကြားတယ်လို့ ဆိုရ။ ။ကြားသောခဏ၊ နားကြည်တာ,အသံထင်တာက,ရုပ်၊ ကြားတာ,တွေ့တာ,ခံစားတာက,နာမ်၊ ဤကားရုပ်၊ ဤကားနာမ်၊ မဆိုသောလည်း ဆိုသလို၊ ရုပ် အပိုင်းအခြား၊ နာမ် အပိုင်းအခြား၊ ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ရင်ဆိုင်- ဝိပဿနာဉာဏ်၏ ကိစ္စကို၊ ကြားသောခဏ၊ကြား-ကြားတယ်မှတ်ဟု၊ ဆောင်၍ပြတတ်သောကြောင့်၊ပါဋိဟာရိယပညာ။
“သောတံ ပန နိဿာယ ရူပံ အာရဗ္ဘ ဥပ္ပဇ္ဇတိ သောတဝိညာဏံ”။
နံသောခဏ၊ နှာကလည်းကြည်၊ အနံ့ကလည်းထင်၊ ဃာနဝိညာဏ်ကလည်းနံ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ငါးပါးစုံ ပေါင်းဆုံမိတာကို၊ နံတယ်ဆိုရ။ ။ နံသောခဏ၊ နှာကြည်တာ,အနံ့ထင်တာက,ရုပ်၊ နံတာ,တွေ့တာ,ခံစားတာက,နာမ်၊ ဤကား ရုပ်၊ ဤကား နာမ်၊ မဆိုသော်လည်း ဆိုသလို၊ ရုပ် အပိုင်းအခြား၊ နာမ် အပိုင်းအခြား၊ ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ရင်ဆိုင်-ဝိပဿနာဉာဏ်၏ကိစ္စကို၊နံသောခဏ၊ နံ-နံတယ်ဟု၊ ဆောင်၍ ပြတတ်သောကြောင့်၊ ပါဋိဟာရိယပညာ။
“ဃာနံ ပန နိဿာယ ဂန္ဓံ အာရဗ္ဘ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ”။
စားသောခဏ၊ လျှာကလည်းကြည်၊ အရသာကလည်းထင်၊ ဇိဝှါဝိညာဏ်ကလည်းစား၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်း ခံစား၊ ငါးပါးစုံ ပေါင်းဆုံမိတာကို၊ စားတယ်ဆိုရ။ ။ စားသောခဏ၊ လျှာကြည်တာ,အရသာထင်တာက,ရုပ်၊ စားတာ,တွေ့တာ,ခံစားတာက,နာမ်၊ ဤကားရုပ်၊ဤကားနာမ်၊ မဆိုသော်လည်း ဆိုသလို၊ ရုပ်အပိုင်းအခြား၊ နာပ်အပိုင်းအခြား၊ ဝိပဿနာဉာဏ်အား ရှေးရှု ထင်အောင်၊ ရင်ဆိုင်-ဝိပဿနာဉာဏ်၏ ကိစ္စကို၊ စားသောခဏ၊ စား-စားတယ်မှတ်ဟု၊ ဆောင်၍ပြတတ်သောကြောင့်၊ ပါဋိဟာရိယပညာ။
“ဇိဝှံ ပန နိဿာယ ရသံ အာရဗ္ဘ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ”။
ထိသောခဏ၊ ကိုယ်ကလည်းကြည်၊ အတွေ့ကလည်းထင်၊ ကာယဝိညာဏ်ကလည်းထိ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်း ခံစား၊ ငါးပါးစုံ ပေါင်းဆုံမိတာကို၊ ထိတယ်လို့ဆိုရ။ ။ထိသောခဏ၊ ကိယ်ကြည်တာ,အတွေ့ထင်တာက,ရုပ်၊ ထိတာ,တွေ့တာ,ခံစားတာက,နာမ်၊ ဤကား ရုပ်၊ ဤကား နာမ်၊ မဆိုသော်လည်း ဆိုသလို၊ ရုပ် အပိုင်းအခြား၊ နာမ် အပိုင်းအခြား၊ ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ရင်ဆိုင်-ဝိပဿနာဉာဏ်၏ကိစ္စကို၊ ထိသောခဏ၊ ထိ-ထိတယ်မှတ်ဟု၊ ဆောင်၍ပြတတ်သောကြောင့်၊ ပါဋိဟာရိယပညာ။
“ကာယံ ပန နိဿာယ ဖောဋ္ဌဗ္ဗံ အာရဗ္ဘ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ”။

ကွေးသောခဏ၊ မနောကလည်းကြည်၊ ကွေးသောသဘောကလည်းထင်၊ မနောဝိညာဏ်ကလည်းသိ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ငါးပါးစုံ ပေါင်းဆုံမိတာကို၊ ကွေးတယ်ဆိုရ။ ။ကွေးသောခဏ၊ မနောကြည်တာ,ကွေးသောသဘောထင်တာက,ရုပ်၊ သိတာ,တွေ့တာ,ခံစားတာက,နာမ်၊ ဤကားရုပ်၊ဤကားနာမ်၊ မဆိုသော်လည်း ဆိုသလို၊ ရုပ်အပိုင်းအခြား၊ နာမ်အပိုင်းအခြား၊ ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ရင်ဆိုင်-ဝိပဿနာဉာဏ်၏ကိစ္စကို၊ ကွေးသောခဏ၊ ကွေး-ကွေးတယ်မှတ်ဟု၊ ဆောင်၍ပြတက်သောကြောင့်၊ ပါဋိဟာရိယပညာ။

(ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရေးသားတော်မူသော ဝိပဿနာဉာဏ်ကျမ်းကြီး မှ)

~~~~~~~~

၇။ဘူတံ ဘူတတော ပဿတိ

*ကထဉ္စ ဘိက္ခဝေ စက္ခုမန္တောဝ ပဿန္တိ။ဣဓ ဘိက္ခဝေ ဘိက္ခု ဘူတံ ဘူတတော ပဿတိ ဘူတံ ဘူတတော ဒိသွာ။ဘူတဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋ္ဋိပန္နော ဟောတိ။ ဧဝံခေါ ဘိက္ခဝေ စက္ခုမန္တောဝ ပဿန္တီတိ။

ဘိက္ခဝေ၊ ရဟန်းတို့။ ကထဉ္စ၊ အဘယ်သို့လျှင်။ ဧကေဒေဝ မနုဿာ၊ အချို့သောနတ်လူတို့သည်။ စက္ခုမန္တောဝ၊ ပညာ မျက်စိ အမြင်ရှိကုန်သည် ဖြစ်၍လျှင်။ ပဿန္တိ၊ မြင်ကုန်သနည်း။ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤသာသနာတော်မြတ်၌။ဘိက္ခု၊ ရဟန်းသည်။ ဘူတံ၊ ဖြစ်သည်ကို။ ဘူတကော၊ ဖြစ်သည်ဟု။ ဒိသွာ၊ မြင်၏။ ဘူတံ၊ ဖြစ်သည်ကို။ ဘူတတော၊ ဖြစ်သည်ဟု။ဒိသွာ၊ မြင်၍။ဘူတဿ၊ ဖြစ်ခြင်း၌၊ နိဗ္ဗိဒါယ၊ ငြီးငွေ့ခြင်းဝိပဿနာအကျိုးငှါ။ဘူတဿ၊ဖြစ်ခြင်း၌။ ဝိရာဂါယ၊ ကိလေသာ ကင်းခြင်း မဂ်အကျိုးငှါ။ ဘူတဿ၊ ဖြစ်ခြင်း၌။ နိရောဓာယ၊ဘဝတဘန်ခန္ဓာနာမ်ရုပ်ကံကိလေသာနှင့်တကွမဖြစ်ဘဲချုပ်ခြင်းနိဗ္ဗာန်အကျိုးငှါ။ ပဋ္ဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံခေါ၊ ဤသို့လျှင်။ ဧကေ၊ အချို့သောနတ်လူတို့သည်။ စက္ခုမန္တောဝ၊ ပညာ မျက်စိ အမြင်ရှိကုန်သည် ဖြစ်၍ သာလျှင်။ ပဿန္တိ၊ မြင်ကုန်၏။ဣတိဧဝံ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူ၏။
(ကျေးဇူးရှင်မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာပါဌ်နိသျ-စာမျက်နာ-၄၀)

၈။ရုပ်ကိုရင်ဆိုင်ရှုမှတ်သဖြင့်နာမ်တရားထင်လာပုံ

*ယထာ ယထာ ဟိဿ ရူပံ သုဝိက္ခာလိတံ ဟောတိ နိဇ္ဇဋ္ဋံသုပရိသုဒ္ဓံ။တထာ တထာ တဒါရမ္မဏာအရူပဓမ္မာ သယမေဝ ပါကဋ္ဋာ ဟောန္တိ။
ဟိ၊သစ္စံ။ မှန်၏။ ယထာယထာယေနယေနအာကာယေန၊အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ အဿ၊ ထိုယောဂီပုဂ္ဂိုလ်အား။ ရူပံ၊ ရုပ်သည်။သုဝိက္ခာလိတံ၊ ကောင်းစွာရှင်းလင်းသုတ်သင်ရှင်းလင်းအပ်သည်။ ဟောတိ၊ ဖြစ်၏။နိဇ္ဇဋ္ဋံ၊ရှုပ်ထွးခြင်းကင်းသည်။ ဟောတိ၊ ဖြစ်၏။ သုပရိသုဒ္ဓံ၊ ကောင်းစွာစင်ကြယ်သည်။ ဟောတိ၊ ဖြစ်၏။ တထာတထာတေနတေနအာကာရေန၊ထိုထိုသို့သောအခြင်းအရာအားဖြင့်။ တဒါရမ္မဏာ၊ ထိုရုပ်လျှင်အာရုံရှိကုန်သော။ အရူပဓမ္မာ၊ နာမ်တရားတို့သည်။သယမေဝ၊ အလိုလိုသာလျှင်။ပါကဋ္ဋာ၊ထင်ကုန်သည်။ ဟောတိ၊ ဖြစ်၏။
(ကျေးဇူးရှင်မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာပ်ဌ်နိသျ။ စာမျက်နှာ-၂၂)

~~~~

၉။ရုပ်ကိုအဘန်တလဲလဲပွတ်တိုက်သည့် ဥပမာ ခပေါင်းရေကြည်စေ့နှင့်ရေနယ်ကျအောင်လုပ်ဆောင်ပုံ

*ယထာဝါပန ဥဒကံ ပသာဒေတု ကာမော ကတကဋ္ဌိံ ဂဟေတွာ အန္တေဃဋေ ဟတ္ထံ သြတာရေထွာ ဧကဒွေဝါရေ ဃံသနမတ္ထေန ဥဒကေ အဝိပ္ပသီဒန္တေ နကတကဋ္ဌိံ ဆဍ္ဍေတိ၊ အထခေါနံ ပုနပ္ပုနံ ဃံသတိ။တဿေဝံ ကရောန္တဿ ကလလကဒ္ဒမံ သန္နိသီဒတိ။ ဥဒကံ အစ္ဆံ ဟောတိ၊ ဝိပ္ပသန္နံ။
ယထာဝါပန၊ ဥပမာတနည်းသော်ကား။ ဥဒကံ၊ ရေနောက်ကို။ ပသာဒေတုကာမော၊ ကြည်စေလိုသောယောက်ျားသည်။ ကတကဋ္ဌိံ ၊ခပေါင်းကြေည်စေ့ကို။ ဂဟေတွာ၊ ကိုင်၍။ အန္တောဃဋေ၊ အိုးတွင်း၌။ ဟတ္ထံ၊ လက်ကို။ သြတာရေတွာ၊ နှိုက်၍။ ဧကဒွေဝါရေ၊ တကြိမ်နှစ်ကြိမ်။ ဃံသနမတ္တေန၊ ပွတ်တိုက်ခါမျှဖြင့်။ဒကေ၊ ရေသည်။ အဝိပ္ပသီဒန္တေ၊ မကြည်သည်ရှိသော်။ ကတကဋ္ဌိံ၊ခပေါင်းရေကြည်စေ့ကို။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဃံသတိ၊ ပွတ်တိုက်၏။ ဧဝံ၊ဤသို့။ ကရောန္တဿ၊ ပြုသော။ တဿ၊ထိုယောက်ျားအား။ ကလလကဒ္ဒမံ၊ ရေနယ်သည်။သန္နိသီဒတိ၊နစ်၏။ ဥဒကံ၊ ရေသည်။ အစ္ဆံဝိပ္ပသန္နံ၊ ကြည်လင်သည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။
*ဧဝံမေဝတေန ဘိက္ခုနာ ဓုရနိက္ခေပံ အကတွာ ရူပမေဝပုနပ္ပုနံ သမ္မသိတဗ္ဗံ မနသိကာတဗ္ဗံ ပရိဂ္ဂဟေတဗ္ဗံ ဝဝတ္ထပေတဗ္ဗံ။
ဧဝံမေဝ၊ ဤအတူသာလျှင်။ တေနဘိက္ခုနာ၊ ထိုရဟန်းသည်။ ဓုရနိက္ခေပံ၊ဝန်ချခြင်းကို။ အကတွာ၊ မပြုမူ၍။ ရူပမေဝ၊ ရုပ်ကိုသာလျှင်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ သမ္မသိတဗ္ဗံ၊ သုံးသပ်အပ်၏။ မနသိကာတဗ္ဗံ။ နှလူံးသွင်းအပ်၏။ ပရိဂ္ဂဟေတဗ္ဗံ၊ သိမ်းဆည်းရေတွက်အပ်၏။ဝဝတ္ထပေတဗ္ဗံ၊ ပိုင်းခြားအပ်၏။
*ယထာယထာဟိဿရူပံ သုဝိက္ခာလိတံ ဟောတိ နိဇ္ဇဋံ သုပရိသုဒ္ဓံ၊ တထာတထာ တပ္ပစ္စနိက ကိလေသာ သန္နိသီဒန္တိ။ ကဒ္ဒမုပရိ ဥဒကံဝိယစိတ္တံ ပသန္နံ ဟောတိ။ တဒါ ရမ္မဏာ အရူပ ဓမ္မာ သယ မေဝ ပါကဋာဟောန္တိ။
*ဟိသစ္စံ၊ မှန်၏။ ယထာယထာယေနယေနအာကာယေန၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ အဿ၊ ထိုယောဂီပုဂ္ဂိုလ်အား။ ရူပံ၊ ရုပ်သည်။သုဝိက္ခာလိတံ၊ ကောင်းစွာသုတ်သင်ရှင်းလင်းအပ်သည်။ ဟောတိ၊ ဖြစ်၏။ နိဇ္ဇဋံ၊ ရှုပ်ထွေးခြင်းကင်းသည်။ ဟောတိ၊ ဖြစ်၏။ တထာတထာတေနတေနအာကာရေန၊ ထိုထိုသောအခြင်းအရာအားဖြင့်။ တပ္ပစ္စနိကကိလေသာ၊ ထိုစင်ကြယ်ခြင်း၏ဆန့်ကျင်ကုန်သော ကိလေသာတို့သည်။ သန္နိသီဒန္တိ၊၊ နစ်ကုန်၏။ ကဒ္ဒမုပရိ၊ ရေနယ်၏အထက်၌။ ဥဒကံဝိယ၊ ကြည်သောရေကဲ့သို့၊ စိတ္တံ၊ စိတ်သည်။ ပသန္နံ၊ကြည်သည်။ဟောတိ၊ ဖြစ်၏။ တဒါရမ္မဏာ၊ ထိုစင်ကြယ်သောရုပ်လျှင်အာရုံရှိကုန်သော။အရူပဓမ္မာ၊ နာမ်တရားတို့သည်။ သယမေဝ၊ အလိုလိုသာလျှင်။ ပါကဋာ၊ ထင်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
(ကျေးဇူးရှင်မူလမင်းကွန်းဇေတဝန်ဆရာတော်ဘူရားကြီး ရေးသားတော်မူသော ဝိသဒ္ဓိမဂ်အဋ္ဌကထာပါဌ်နိသျ-စာမျက်နှာ၂၄-၂၅)

~~~~~~~

၁၀၊မှန်ကိုပွတ်တိုက်သည့် ဥပမာ

•ယထာဟိ စက္ခုမတော ပုရိသဿ အပရိသုဒ္ဓေအာဒါသေ မုခနိမိတ္တံသြလော ကေန္ထဿ နိမတ္တံ နပညာယတိ။သော နိမတ္တံ နပညာယတီတိနအာဒါသံ ဆဍ္ဍေတိ။အထခေါ နံ ပုနပ္ပုနံ ပရိမဇ္ဇတိ။တဿပရိသုဒ္ဓေ အာဒါသေ နိမိတ္တံ သယမေဝ ပါကဋ္ဋံဟောတိ။
ယထာတိ၊ ဥပမာမည်သည်ကား။ အပရိသုဒ္ဓေ၊ မစင်ကြယ်သော။ အာသာဒေ၊ မှန်၌။ မုခနိမိတ္တံ၊ မျက်နှာအရိပ်ကို။ သြလောကေန္ထဿ၊ ကြည့်သော။ စက္ခုမတော၊ မျက်စိအမြင်ရှိသော။ ပုရိဿသ၊ ယောက်ျားအား။ နိမတ္တံ၊ မျက်နှာအရိပ်သည်။ နပညာယတိ၊ မထင်သော ထိုယောက်ျားသည်။ နိမိတ္တံ၊ မျက်နှာရိပ်သည်။ နပညာယတိ၊ မထင်။ ဣတိ၊ဤသို့။အာဒါသံ၊ မှန်ကို။နဆဍ္ဍေတိ၊မစွန့်။ အထခေါ၊ စင်စစ်သော်ကား။ နံ၊ ထိုမှန်ကို။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ပရိမဇ္ဇတိ၊ ပွတ်တိုက်၏။ တဿ၊ ထိုပွတ်တိုက်သောယောက်ျားအား။ အာဒါသေ၊ မှန်သည်။ ပရိသုဒ္ဓေ၊ စင်ကြယ်သည်ရှိသော်။ နိမတ္တံ၊ မျက်နှာရိပ်သည်။ သယမေဝ၊ အလိုလိုသာလျှင်။ ပါကဋ္ဋံ၊ ထင်သည်။ ဟောတိယထာ၊ဖြစ်သကဲ့သို့။
(ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်းဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာပါဌ်နိသျ-စာမျက်နှာ၂၃)

~~~~~~

၁၁။မဂ်ဖြင့်ပယ်သော သမုဒယ

အတီတော၊ အတိတ်ဖြစ်သော။ သမုဒယော၊သမုဒယကို။ နပဟာတဗ္ဗော၊ မပယ်အပ်။ အတီတတ္တာ၊ အတိတ်ဖြစ်သောကြောင့်တည်း။ အနာဂတာ၊ အနာတ်ဖြစ်သော။ သမုဒယော၊သမုဒယကို။နပဟာတဗ္ဗော၊မပယ်အပ်။ အနာဂတတ္တတာ၊ အနာဂတ်ဖြစ်သောကြောင့်တည်း။ ပစ္စုပ္ပန္နော၊ ပစ္စုပ္ပန်ဖြစ်သော။ သမုဒယော၊ သမုဒယကို။ နပဟာတဗ္ဗော၊မပယ်အပ်။ပစ္စုပ္ပန္နတ္တာ၊ ပစ္စုပ္ပန်ဖြစ်သောကြောင့်တည်း။ ကာလဝိမုတ္တော၊ ကာလမှလွတ်သော။ ဥပ္ပဇ္ဇနာရဟော၊ ဖြစ်ခြင်းငှါထိုက်သော။သမုဒယော၊ သမုဒယကို။ ပဟာတဗ္ဗော၊ ပယ်အပ်၏။ ဥပ္ပဇ္ဇနာရဟဿပိ၊ ဖြစ်ခြင်းငှါထိုက်သော်လည်း။တဿသမုဒယဿ၊ ထိုသမုဒယ၏။ ကာလဝိမုတ္တိဝသေန၊ ကာလမှလွတ်သောအလိုအားဖြင့်။ အနုပ္ပဇ္ဇနတ္တာ၊ မဖြစ်ခြင်းကြောင့်တည်း။
(ကျေးဇူးရှင်မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ပေဋကောပဒေသအဋ္ဌာကထာနိသျ မဌမတွဲမှ)

~~~~~~~~

၁၂။ အကြောင်းအကျိုးခြုတ်ပုံ

ဟိသစ္စံ၊ မှန်၏။ ဟေတုဘာဝေန၊ အကြောင်း၏ အဖြစ်ဖြင့်။ ကာလဝိမုတ္တော၊ ကာလမှလွတ်သော။ ဥပ္ပဇ္ဇနာရဟော၊ ဖြစ်ချင်းငှါထိုက်သော။ ယောသမုဒယော၊ အကြင်သမုဒယသည်။ အတ္ထိ၊ ရှိ၏။ တဿဟေတုဿ၊ ထိုအကြောင်း၏။ ဖလဘာဝေန၊ အကျိုး၏အဖြစ်ဖြင့်။ ကာလဝိမုတ္တံ၊ ကာလမှလွတ်သော။ ဥပ္ပဇ္ဇနာရဟံ၊ ဖြစ်ချင်းငှါထိုက်သော။ ယံပနဒုက္ခံ၊ အကြင်ဒုက္ခသည်လည်း။ အတ္ထိ၊ ရှိ၏။ တံဒုက္ခံ၊ ထိုဒုက္ခကို။ ကာလဝိမုတ္တံ၊ ကာလမှလွတ်သော။ ဝဋ္ဋန္တိပိ၊ ဝဋ်ဟူ၍လည်း။ ဝုစ္စတိ၊ ဆိုအပ်၏။ တံဒုက္ခံ၊ ထိုဒုက္ခကို။ ကာလဝိမုတ္တံ၊ ကာလမှလွတ်သော။ ဘဝစက္ကန္တိပိ၊ ဘဝစက်ဟူ၍လည်း။ ဝုစ္စတိ၊ဆိုအပ်၏။ သောသမုဒယော၊ ထိုသမုဒယကို။ ကာလဝိမုတ္တော၊ ကာလမှလွတ်သော။ ပေါနောဗ္ဘဝိကောတိပိ၊ ပေါနောဗ္ဘဝိကဟူ၍လည်း။ ဝုစ္စတိ၊ ဆိုအပ်၏။
(ကာလဝိမုတ်၊ ဥပ္ပဇ္ဇနာရဟ၊ ဟေတုဖလ၊ ဘဝစက်ရဟတ်)
ယောပနဟေတု၊ အကြင်အကြောင်းသည်ကား။ ဧတ္ထ၊ ဤမဂ်ဖြစ်ရာ၌။ နိရုဇ္ဈတိ၊ခြုတ်၏။ တဿဟေတု၊ ထိုအကြောင်း၏။ နိရောဓါ၊ ခြုတ်ချင်းကြောင့်။ အဿ၊ ထိုအကြောင်း၏။ ဖလံအပိ၊ အကျိုးသည်လည်း။ ဧတ္ထ၊ ဤအကြောင်းခြုတ်ရာ၌။ နိရုဇ္ဈတိ၊ခြုတ်၏။ ဧဝံ၊ဤသို့။ ဟေတုနိရောဓါ၊ အကြောင်း၏ ခြုတ်ခြင်းကြောင့်။ ဖလနိရောဓါ၊ အကျိုး၏ ခြုတ်ချင်းတည်း။
(ဟေတုနိရောဓကြောင့်၊ ဖလနိရောဓကိုပြခြင်း)
သောပနေသောဖလနိရောဓေါ၊ ထိုအကျိုးခြုတ်ချင်းကိုကား။ ယောဒုက္ခနိရောဓေါတိ၊ အကြင်ဒုက္ခနိရောဓဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တံပနေတံဒုက္ခနိရောဓံ၊ ထိုဒုက္ခနိရောဓကိုကား။ အာရမ္မဏံကတွာ၊ အာရုံပြု၍။ မဂ္ဂေါ၊ မဂ်သည်။ ဥပ္ပဇ္ဇမာနော၊ ဖြစ်သည်ရှိသော်။ အတီတံ၊ အနာဂတံ၊ ပစ္စုပ္ပန္နံ၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော။ ယံပနဒုက္ခံ။ အကြင်ဒုက္ခသည်ကား။ အတ္ထိ၊ရှိ၏။ တံပိဒုက္ခံ၊ ထိုဒုက္ခကိုလည်း။ ကာလတ္တယံ၊ကာလ ၃-ပါးလုံး။ အဘိညာယ၊ အမှတ်ပြုသဖြင့်၊သိ၍၊ ပရိဇာတိ၊ ပိုင်းခြား၏။ ကာလဝိမုတ္တော၊ကာလမှလွတ်သော။ ဥပ္ပဇ္ဇနာရဟော၊ ဖြစ်ချင်းငှါထိုက်သော။ ယောသမုဒယော၊ အကြင်သမုယသည်။ အတ္ထိ၊ရှိ၏။ တံပိသမုဒယံ၊ ထိုသမုဒယကိုလည်း။ ကာလဝိမုတ္တံ၊ ကာလမှလွတ်လျှက်။ အနုပ္ပဇ္ဇနာရဟံ၊ ၊ဖြစ်ခြင်းငှါမထိုက်အောင်။ အဘိညာယ၊ အမှတ်ပြုသဖြင့်သိ၍။ ပဇဟတိ၊ ပယ်စွန့်၏။ ကာလဝိမုတ္တံ၊ ကာလမှလွတ်လျှက်။ ဥပ္ပဇ္ဇနာရဟံ၊ဖြစ်ချင်းငှါထိုက်သော။ ယံဒုက္ခံ၊ အကြင်ဒုက္ခသည်။ အတ္ထိ၊ ရှိ၏။ တံပိဒုက္ခံ၊ ထိုဒုက္ခကိုလည်း။ ကာလဝိမုတ္တံ၊ ကာလမှလွတ်လျှက်။ အနုပ္ပဇ္ဇနာရဟံ၊ ဖြစ်ခြင်းငှါမထိုက်အောင်။ အဘိညာယ၊ အမှတ်ပြုသဖြင့်သိ၍။ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ အဋ္ဌင်္ဂိကဿ၊ အင်္ဂါ –၈-ပါးရှိသော။ မဂ္ဂဿ၊ မဂ်၏။ ယံပနသမထဝိပဿနံ၊ အကြင်သမထဝိပဿနာသည်ကား။ အတ္ထိ၊ ရှိ၏။ တံပိသမထဝိပဿနံ၊ ထိုသမထဝိပဿနာကိုလည်း။ ယုဂနန္ဓ၊ စုံအောင်။ အဘိညာယ၊ အမှတ်ပြုသဖြင့် သိ၍။ ဘာဝေတိ၊ ပွါး၏။
(မဂ်သည်၊ ဝိပဿနာ၏။ အမှတ်ပြုသဖြင့်သိခြင်းကြောင့်။ ဒုက္ခသစ္စာကိုလည်း ပိုင်းခြား၏။ သမုဒယသစ္စာကိုလည်းပယ်၏။ နိရောဓသစ္စာကိုလည်းမျက်မှောက်ပြု၏။ မဂ္ဂသစ္စာကိုလည်းပွါး၏ဟူသော အဓိပ္ပါယ်ကိုယူ)
(ကျေးဇူးရှင်မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရာကြီး ရေးသားတော်မူသော ပေဋကောပဒေသအဋ္ဌကထာနိသျပဌမတွဲမှ)

~~~~~~

၁၃။ဝဋ်မြစ်သမုဒယနှင့်မရောနှောပုံကိုပြခြင်း

စက္ခုံ၊ မျက်စိကို။ နိဿာယ၊ မှည်၍။ရူပေ၊ အဆင်းတို့ကို။အာရမ္ဘ၊ အာရုံပြု၍။ ဒဿနဝသေန၊ မျင်သောအလိုအားဖြင့်။ အာရမ္မဏကရဏတော၊ အာရုံပြုသဖြင့်။ နမနတ္တာ၊ ညွှတ်သည်၏အဖြစ်ကြောင့်။ စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်ကို၊ နာမန္တိ၊နာမ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သဟဇေကဋ္ဌနာမံပိ၊ သဟဇေကဋ္ဌ၊ သမ္ပယုတ္တနာမ်ကိုလည်း။ နာမန္တိ၊ နာမ်ဟူ၍။ဝုစ္စတိ၊ဆိုအပ်၏။
ဣတိ၊ ဤသို့။ ဣဒဉ္စနာမံ၊ ဤကားနာမ်။ ဣဒဉ္စရူပံ၊ ဤကားရုပ်။ ဣဒံ၊ ဤနမနလက္ခဏာ၊ရုပ္ပနလက္ခဏာ ၂-ပါးကို။ နာမရူပန္တိ၊နာမ်ရုပ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဣတိ၊ ဤသို့၊ ဘဂဝတော၊ မြတ်စွာဘုရား၏။ အဓိပ္ပါယေန၊အလိုတော်အားဖြင့်။ ဒိဋ္ဌေ၊ မျင်သည်၊သတိရှိသော်၊ ပဿမီတိ၊ မျင်၏ဟူ၍။ သံလက္ခဏံကရောန္တော၊ အမှတ်ပြုသည်ရှိသော်။ သင်္ခေပတော၊အကျဉ်းအားဖြင့်။ နာမရူပံ၊ နာမ်ရုပ်ကို။ဝဝတ္ထပေတိနာမ၊ ပိုင်းခြားသည်မည်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ သင်္ခေပတော၊ အကျဉ်းအားဖြင့်၊ နာမရူပံ၊ နာမ်ရုပ်ကို။ ဝဝတ္ထပေတိနာမ၊ ပိုင်းခြားသည်မည်သနည်း။ ဣမသ္မိံနာမရူပေ၊ ဤပိုင်းခြားသောနာမ်ရုပ်၌။ ဧကကာလေဧကက္ခဏေ၊ တပြိုင်နက်ကာလ၊ တပြိုင်နက်ခဏ။ ဥပ္ပဇ္ဇနာရဟအတ္တဒိဋ္ဌိယာ၊ ဖြစ်ချင်းငှာထိုက်သောအတ္တဒိဋ္ဌိ၏။ ပဟာနေကဋ္ဌတ္တာ၊ နာမ်ရုပ်ဟူသမျှ၌၊ တပြိုင်နက်ကာလ၊ တပြိုင်နက်ခဏ၊ ဖြစ်ချင်းငှာထိုက်သော အတ္တဒိဋ္ဌိနှင့်၊ အပယ်တူသည်၏ အဖြစ်ကြောင့်။ သင်္ခေပတော၊ အကျဉ်းအားဖြင့်။နာမရူပံ၊ နာမ်ရုပ်ကို။ ဝဝတ္ထပေတိနာမ၊ ပိုင်းခြားသည်မည်၏။ ဟိသစ္စံ၊ မှန်၏။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ ဒွေဓမ္မာ အဘိညေယျာ၊ နာမဉ္စရူပဉ္စာတိ၊ ပ၊ ရူပဉ္စဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။အယံ၊ ဤသည်ကာား၊ အဘိညာ၊ အဘိညာတည်း။ ဝါအမှတ်ပြုသဖြင့်သိခြင်းတည်း။
ဧဝံ၊ ဤသို့။ အဘိဇာနိတွာ၊ အမှတ်ပြုသဖြင့်သိ၍။ ဒိဋ္ဌေ၊ မျင်သည်၊ သတိရှိသော်။ ပဿာမိတိ၊ မျင်၏ဟူ၍။ သံလက္ခဏံကရောန္တော၊ အမှတ်ပြုသည်ရှိသော်။ သင်္ခေပတော၊ အကျဉ်းအားဖြင့်။ သပစ္စယနာမရူပံ၊ အကြောင်းနှင့်တကွသောနာမ်ရုပ်ကို။ ပရိဂ္ဂဏှတိနာမ၊ သိမ်းဆည်းသည်မည်၏။
(သမုစ္စယပုဒ်ကို၊ သိမ်းဆည်းရေးသည်။
ဟိသစ္စံ၊မှန်၏။ နာမရူပံ၊ နာမ်ရုပ်သည်။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်သည်ရှိသော်။ ဖလဝသေန၊ အကျိုးအလိုအားဖြင့်။ နာမရူပဿ၊ နာမ်ရုပ်၏။ ပစ္စယဝသေန၊ ပစ္စည်းအလိုအားဖြင့်။ ဟေတုနာ၊ အကြောင်းနှင့်။ ဧဝံ၊ ဤသို့။ ဟေတုဖလသမ္ဗန္ဓဝသေန၊ အကျိုး၏အကြောင်းနှင့်၊ စပ်သောအလိုအားဖြင့်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်သော။ နာမရူပံပိ၊နာမ်ရုပ်ကိုလည်း။ ဝဿန္တော၊ မျင်သည်ရှိသော်။ တဿ၊ ထို့နာမ်ရုပ်၏။ ဟေတုပိ၊ အကြောင်းကိုလည်း။ ပစ္စယဝသေန၊ ပစ္စည်းအလိုအားဖြင့်၊ ပဿတိ၊ မျင်၏။
ဣတိ၊ ဤသို့။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အဓိပ္ပါယေန။ အလိုတော်အားဖြင့်၊ ဧဝံ၊ ဤသို့ အဘိဇာနိတွာ၊ အမှတ်ပြုသဖြင့်သိ၍။ ဒိဋ္ဌေ၊ မျင်သည်သတိ၊ရှိသော်။ ပဿာမိတိ၊မျင်၏ဟူ၍။ သံလက္ခဏံကရောန္တော၊ အမှတ်ပြုသည်ရှိသော်။ သင်္ခေပတော၊ အကျဉ်းအားဖြင့်။ သပစ္စယနာမရူပံ၊ အကြောင်းနှင့်တကွသောနာမ်ရုပ်ကို။ ပရိဂ္ဂဏှတိနာမ၊သိမ်းဆည်းသည်မည်၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်း၊ ဟေတုဖလသမ္ဗန္ဓံ၊ အကျိုး၏အကြောင်းနှင့်စပ်ချင်းကို။ မုဉ္စိတွာ၊လွှတ်၍။ အပဿိတဗ္ဗတ္တာ၊ မမျင်အပ်သည်၏ အဖြစ်ကြောင့်တည်း။ ဟိသစ္စံ၊ မှန်၏။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ ယံယဒေဝပစ္စယံပဋိစ္စဥပ္ပဇ္ဇတိဝိညာဏံဝိညာဏံတွေဝသချေႍဂစ္ဆတီတိ၊ ပ၊ ဂစ္ဆတိဟူ၍။ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ အယံပိ၊ ဤသည်လည်း။ အဘိညာ၊ အမှတ်ပြုသဖြင့်သိချင်းတည်း။
ဧဝံ၊ဤသို့။ အဘိဇာနိတွာ၊ အမှတ်ပြုသဖြင့်သိ၍။ ဣတောပရံ၊ ဤမှနောက်၌။ ဒိဋ္ဌေ၊ မျင်သည်၊ သတိ၊ရှိသော်။ ပဿာမီတိ၊မျင်၏ဟူ၍။ သံလက္ခဏံကရောန္တော၊ အမှတ်ပြုသည်ရှိသော်။ ဝိပဿနံ၊ဝိပဿနာကို။ယထာက္ကမံ၊ အစဉ်အတိုင်း။ ပဝတ္တေတွာ၊ဖြစ်စေ၍။ ဝိပဿနာဂမနမဂ္ဂေန၊ ဝိပဿနာမှလာသောမဂ်ဖြင့်။ ဒုက္ခံပိ၊ ဒုက္ခသစ္စာကိုလည်း။ ပရိဇာနာတိ၊ ပိုင်းခြား၏။ သမုဒယံပိ၊ သမုဒယသစ္စာကိုလည်း။ ပဇဟတိ၊ ပယ်စွန့်၏။ နိရောဓံပိ၊ နိရောဓသစ္စာကိုလည်း၊ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ မဂ္ဂံပိ၊ မဂ္ဂသစ္စာကိုလည်း။ ဘာဝေတိ၊ ပွား၏။
ဟိ၊တပ္ပါကဋံကရောမိ၊ ထိုစကားကို၊ ထင်ရှားအောင်ပြုအံ့။ နာမရူပေ၊ နာမ်ရုပ်သည်။ ဥပ္ပဇ္ဇမာနေ၊ ဖြစ်သည်ရှိသော်။ ကေဝလံ၊သက်သက်။ နာမရူပမတ္တမေဝ၊ နာရုပ်မျှသာလျှင်၊ နဥပ္ပဇ္ဇတိ၊ ဖြစ်သည်မဟုတ်သေး။ အထခေါ၊၊ စင်စစ်သော်ကား။ ရူပံပိ၊ ရုပ်သည်လည်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဝေဒနာသည်လည်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သညာပိ၊ သညာသည်လည်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သင်္ခါရာပိ၊ သင်္ခါရတို့သည်လည်း။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ဝိညာဏံပိ၊ ဝိညာဏ်သည်လည်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣဒံခန္ဓပဉ္စကံ၊ ဤခန္ဓပဉ္စကသည်။ ဘူတံနာမ၊ ထင်သည်မည်၏။
တသ္မိံ ခဏေ၊ ထိုခန္ဓာပဉ္စက၊ ထင်သောခဏ၌။ ဒိဋ္ဌေ၊ မျင်သည်။သတိ၊ရှိသော်။ ပဿာမီတိ၊ မျင်၏ဟူ၍။ သံလက္ခဏံအရောန္တော၊ အမှတ်မပြုသည်ရှိသော်။ ဝိပဿနာယ၊ဝိပဿနာဖြင့်။ ဣဒံ၊ဤသည်ကား။ ဘူတံ၊ ထင်ချင်းတည်း။ ဣတိ၊ ဤသို့။ နပဿတိ၊ မမျင်။ တတော၊ ထိုသို့မမျင်ခြင်းကြောင့်။ သောဝ၊ ထိုမမျင်သောသူသည်သာလျှင်။ အာရမ္မဏဘူတေ၊ ထင်သောအာရုံ၌။ အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။ အဉာဏင်္ဂေန၊ မသိသောအင်္ဂါအားဖြင့်။ နဝံ၊ အသစ်။ ဒါနိ၊ ယခု။ ဥပ္ပဇ္ဇနာရဟတော၊ ဖြစ်ချင်းငှါထိုက်ချင်းကြောင့်။ ဝဋ္ဋမူလသမုဒယေန၊ ဝဋ်မြစ်သမုဒယနှင့်။မိဿိတံ၊ ရောနှောသည် ရှိသော်။ ဒုက္ခံ၊ ဒုက္ခသစ္စာကို။ နပရိဇာနာတိနာမ၊ ပိုင်းခြားသည်မမည်။ တတော၊ ထိုသို့ပိုင်းခြားသည်မမည်ချင်းကြောင့်။ အယံနာမပုနဗ္ဘဝေါ၊ ဤမည်သော တဖန်ဘဝသည်။ ဒုက္ခေန၊ ဒုက္ခသစ္စာနှင့်။ မိဿိဘဝဋ္ဋမူလသမုဒယတော၊ ရောနှောသောဝဋ်မြစ်သမုဒယကြောင့်။ နဝံ၊ အသစ်။ ဟောတိ၊ ဖြစ်၏။
တသ္မိံခဏေ၊ ထိုခန္ဓာပဉ္စက၊ ထင်သောခဏ၌။ ဒိဋ္ဌေ၊ မျင်သည်။ သတိ၊ ရှိသော်။ ပဿာမီတိ၊ မျင်၏ဟူ၍။ သံလက္ခဏံကရောန္တောပန၊ အမှတ်ပြုသည်ရှိသော်ကား။ ဝိပဿနာယဧဝ၊ ဝိပဿနာဖြင့်သာလျှင်။ ဣဒံ၊ ဤသည်ကား။ ဘူတံ၊ ထင်ချင်းတည်း။ ဣတိ၊ ဤသို့။ ပဿတိ၊ မျင်၏။ တတော၊ ထိုသို့မျင်ချင်းကြောင့်။ သောဝ၊ထိုမျင်သောသူသာလျှင်။ အာရမ္မဏဘူတေ၊ ထင်သောအာရုံ၌။ ဝိပဿနာယ၊ ဝိပဿနာ၏။ ဉာဏင်္ဂေန၊ သိသောအင်္ဂါအားဖြင့်။ နဝံ၊ အသစ်။ ဒါနိ၊ ယခု။ အနုပ္ပဇ္ဇနာရဟတော။ ဖြစ်ချင်းငှါမထိုက်ချင်းကြောင့်။ ဝဋ္ဋမူလသမုဒယေန၊ ဝဋ်မြစ်သမုဒယနှင့်။ အမိဿိတံ၊ မရောနှောသည်ရှိသော်။ ဒုက္ခံ၊ ဒုက္ခသစ္စာကို။ ပရိဇာနာတိနာမ၊ ပိုင်းခြားသည်မည်၏။ တတော၊ထိုသို့ပိုင်းခြားသည်မည်ချင်းကြောင့်။ အယံနာမပုနဗ္ဘဝေါ၊ ဤမည်သောတဖန်ဘဝသည်။ ဒုက္ခေန၊ ဒုက္ခသစ္စာနှင့်။ အမိဿိတဝဋ္ဋမူလသမုယတော၊ မရောနှောသောဝဋ်မြစ်သမုဒယကြောင့်။ နဝံ၊အသစ်။ နဟောတိ၊ မဖြစ်။ ဟိသစ္စံ၊ မှန်၏။ ဘူတံ၊ ဝိပဿနာဖြင့်ထင်သော။ ဒုက္ခံ၊ ဒုက္ခသစ္စာသည်။ သမုဒယေန၊ သမုဒယသစ္စာနှင့်။ အမိဿတော၊ မရောနှောချင်းကြောင့်။ ဧကတ္တံ၊ သမုဒယအဖေါ်ကင်း။ တကိုယ်တည်းချင်းမည်၏။

၁၄။သမ္မာဒိဋ္ဌိဖြစ်ကြောင်းတရား ၂-ပါး

https://m.facebook.com/story.php?story_fbid=713970790768290&id=100064661263128&mibextid=Nif5oz

၁၅။•ယထာဟိ စက္ခုမတော ပုရိသဿ အပရိသုဒ္ဓေအာဒါသေ မုခနိမိတ္တံသြလော ကေန္ထဿ နိမတ္တံ နပညာယတိ။သော နိမတ္တံ နပညာယတီတိနအာဒါသံ ဆဍ္ဍေတိ။အထခေါ နံ ပုနပ္ပုနံ ပရိမဇ္ဇတိ။တဿပရိသုဒ္ဓေ အာဒါသေ နိမိတ္တံ သယမေဝ ပါကဋ္ဋံဟောတိ။
ယထာတိ၊ ဥပမာမည်သည်ကား။ အပရိသုဒ္ဓေ၊ မစင်ကြယ်သော။ အာသာဒေ၊ မှန်၌။ မုခနိမိတ္တံ၊ မျက်နှာအရိပ်ကို။ သြလောကေန္ထဿ၊ ကြည့်သော။ စက္ခုမတော၊ မျက်စိအမြင်ရှိသော။ ပုရိဿသ၊ ယောက်ျားအား။ နိမတ္တံ၊ မျက်နှာအရိပ်သည်။ နပညာယတိ၊ မထင်သော ထိုယောက်ျားသည်။ နိမိတ္တံ၊ မျက်နှာရိပ်သည်။ နပညာယတိ၊ မထင်။ ဣတိ၊ဤသို့။အာဒါသံ၊ မှန်ကို။နဆဍ္ဍေတိ၊မစွန့်။ အထခေါ၊ စင်စစ်သော်ကား။ နံ၊ ထိုမှန်ကို။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ပရိမဇ္ဇတိ၊ ပွတ်တိုက်၏။ တဿ၊ ထိုပွတ်တိုက်သောယောက်ျားအား။ အာဒါသေ၊ မှန်သည်။ ပရိသုဒ္ဓေ၊ စင်ကြယ်သည်ရှိသော်။ နိမတ္တံ၊ မျက်နှာရိပ်သည်။ သယမေဝ၊ အလိုလိုသာလျှင်။ ပါကဋ္ဋံ၊ ထင်သည်။ ဟောတိယထာ၊ဖြစ်သကဲ့သို့။
(ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်းဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာပါဌ်နိသျ-စာမျက်နှာ၂၃)

ဓမ္မာဘိသမယော ဒွေ ပစ္စယာ သမ္မာဒိဋ္ဌိ။ ပရတော စ ဃောသော ယောနိသော စ မနသိကာရော။

(ကထာ ဝတ်ထု)

ပရတော ဃောသော၊ တပါးသူမှ ပြောသော ဒေသနာသံ တရားစကားကို ကြားနာသဖြင့် ပြီးသော။ သမ္မာဒိဋ္ဌိ စ၊ သုတမယဉာဏ် သမ္မာဒိဋ္ဌိလည်း တပါး။ ယောနိသော မနသိကာရော၊ အသင့်အတင့် နှလုံးသွင်း သဖြင့်ပြီးသော။ သမ္မာဒိဋ္ဌိ စ၊ ဝိပဿနာဉာဏ် သမ္မာဒိဋ္ဌိလည်း တပါး။ဣတိ၊ ဤသို့။ ဒွေ ပစ္စယော၊ သုတမယဉာဏ် သမ္မာဒိဋ္ဌိ, ဝိပဿနာဉာဏ် သမ္မာဒိဋ္ဌိ နှစ်ပါးသော အကြောင်းကြောင့်။ ဓမ္မာဘိသမယော၊ သောတာပတ္တိမဂ်သည်။ ဟောတိ ဖြစ်၏။ ။ဤကားအနက်။

(ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားတော်မူသော သဇ္ဇေတာဝိဓီဝိဿဇ္ဇနာကျမ်းမှ)